သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Thursday, May 31, 2012

အယုံမလွယ်မိစေဖို့၊ မြန်မာနိုင်ငံတိုင်းရင်းသားများဆီသို့

နိုင်ငံသားတွေက တယောက်ကိုတယောက် အရမ်းမနာလိုဖြစ်နေတယ်။ တခြားနိုင်ငံ သားတွေလဲ မနာလိုစိတ်ရှိတာဘဲ၊ ဒါပေမဲ့ဗမာတွေမှာ နဲနဲပိုတယ်လို့ ပြောရမယ်၊ ဒါကလဲ ကိုယ့်ကိုကိုယ် ယုံကြယ်မှု နည်းလို့ဖြစ်တာပါ။ ဒီလိုဖြစ်တော့ ဘယ်သူ့က ကိုယ်ထက်သာ သွားမလဲ ဆိုဒါ အမြဲကြည့်နေတယ်။ ကိုယ့်ကိုကိုယ် ကြွားနေတဲ့ စိတ်ရှိနေတယ်…………စသဖြင့် ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်း စုကြည် ကပြောသွား ပါတယ်။

ဒေါ်စုဟာ အင်မတန် ရိုးသား မွန်မြတ် တည်ကြည်ဖြောင့်မတ်တဲ့ ခေါင်းဆောင်တဦးပီပီ၊ နှလုံးရည်နဲ့ စစ်အာဏာရှင်အစိုးရကို အနိုင်ယူလိုက်ပါပြီ။ ဘာဘဲဖြစ်ဖြစ် ဒီမိုကရေစီ စတင် လျှောက်လှမ်းနေပြီလို့ အများက လက်ခံနေရတာ တွေ့ရပါတယ်။ ဒီလို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရုံနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အပြည့်အ၀ ရမယ်လို့တော့ သတ်မှတ်လို့မရနိုင်ပါ၊ ပယောဂ အမျိုးမျိုးဝင်နေတဲ့ စစ်အဏာရှင်တွေဟာ ဒီမိုကရေစီရဲ့ အရိပ်ကို ခိုနေတာ လောလောဆယ် တွေ့ရပါတယ်။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ် စုံစုံလင်လင် နားမလည်သေးတဲ့ ပြည်သူ့ဘက်က အရေခြုံ စစ်ဗိုလ်ချုပ်တွေလဲ ရှိပါသေးတယ်။


2011 ခု၊ အောက်တိုဘာ (21) ရက်နေ့က RFA မှ ထုတ်လွှင့်သွားတဲ့ အမေးအဖြေ ကဏ္ဍတခု မှာ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး ဦးတင်ဦးက ရိုဟင်ဂျာ အကြောင်း ပြောလာတော့ မိမိတို့နိုင်ငံ သားဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ စွပ်စွဲလိုက်ပြန်ပြီ၊ ရိုဟင်ဂျာ တွေလဲ ပြည်သူ ပြည်သားတွေပဲ။ ဘာဖြစ်လို့ ပြည်သူ ဘက်က ရပ်တည်မပေးတာလဲ။ ဒီမိုကရေစီ နိုင်ငံမှာ ပြည်သူတွေကို အကာ အကွယ်ပေးတဲ့ ပြည်သူ့အစိုးရပါပဲ။ ဒီမိုကရေစီ နိုင်ငံတော်ကို အာဏာရှင် စစ် စစ်နဲ့ ထုထောင်လို့ မရပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မနာလိုစိတ်ကို မျိုသိပ်မထားနိုင်တာ အံ့သြလောက်ပါရဲ့။ ပါးစပ် က ဒီမိုကရေစီ ဆိုပေမဲ့ ရင်ထဲမှာ ဦးနေ၀င်းရဲ့ စစ်အာဏာအကြွင်းအကျန်က ရှိနေသေးတယ်။ ဒါဟာ အဏာရှင် ဦးနေ၀င်းရဲ့ ပြုစု ပျိုးထောင်မှု အောက်မှာ ကြီးပြင်းလာတာကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးနိုင်ဒါ ဖြစ်ပါလိမ့်မယ်။ 

ဘာဘဲဖြစ်ဖြစ်၊ ဘဂါင်္လီဆိုတဲ့ နုတ်ထွက်စကားကို ရိုဟင်ဂျာဆိုပြီး ပြင်စေချင်ပါတယ်။ ဘင်္ဂလီဆိုတာ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေကို ခေါ်ဒါပါ။ ကျမတို့ ရိုဟင်ဂျာတွေ မြန်မာပြည်ကို ချစ်တယ်၊ မြန်မာနိုင်ငံ အပေါ် သစ္စာရှိတယ်၊ မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုကိုကြိုက်နှစ်သက်တယ်။ မြန်မာပြည်ဖွား ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား စစ်စစ်ဆိုဒါ ယုံမှား သံသယမရှိစေချင်ပါ။ 

ရိုဟင်ဂျာလူမျိုးဟာ ရခိုင်ပြည်နယ်မှာ ရှေးခေတ် အဆက်ဆက်က နေထိုင်လာခဲ့ အိစ္စလာမ် ဘာသာဝင် များဖြစ်ကြပြီး၊ ရခိုင်လူမျိုးများနဲ့အတူ ယှဉ်တွဲနေထိုင်လာခဲ့ပါ တယ်။ ကျမတို့ ရိုဟင်ဂျာ လူမျိုးတွေ နိုင်ငံခြားသား အလျဉ်းမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1000 ကျော် ကတည်းကနေထိုင်လာခဲ့ရာ၊ 17 ရာစုသို့ ရောက်တဲ့အခါ ရခိုင်ပြည်ရဲ့ နန်းတွင်း နန်းပြင် မူဆလင်တွေရဲ့ သြဇာ အာဏာတိကမ္မ ကြီးမားကြောင်း၊ သမိုင်း အထောက်အထား ခိုင်လုံစွာရှိပါတယ်။ 1784 ခုနှစ်၊ မတိုင်မှီကပင် ရခိုင်ပြည်တွင် မူရင်း တိုင်းပြည်အဖြစ် နေထိုင်လာခဲ့သူများပီပီ၊ 1947 ခုနှစ်၊ အခြေခံ ဥပဒေ ပုဒ်မ ၁၁(က)(ခ) နဲ့ (ဂ)အရ၊ နိုင်ငံသားအဖြစ်သို့လည်းကောင်း၊ 1948 ခုနှစ်၊ နိုင်ငံသား အက်ဥပဒေ ၃(၁) အရ၊ တိုင်းရင်းသားလူမျိုးတမျိုးတွင် အကျုံးဝင်ပြီး တိုင်းရင်းသားများ အဖြစ်မှတ်ယူသူများဖြစ်ကြောင်း ထင်ရှားပါတယ်။ 

1954 ခုနှစ်၊ စကတင်ဘာ(25)ရက်နေ့ ည 8 နာရီအချိန်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု သည် မြန်မာအသံလွှင့်ဦးစီးဌာနမှ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်တဲ့ ရိုဟင်ဂျာ လူမျိုးများ ဟာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများဖြစ်ကြောင်း အသံလွှင့်မိန့်ကြားခဲ့ပါတယ်။ တဖန် 1959 ခုနှစ်၊ နိုဝင်ဘာ လ 3 ရက်၊ 4 ရက်နေ့၌ ဘူးသီးတောင်၊ မောင်းတောမြို့မှာကျင်းပခဲ့တဲ့ လူထု အစည်းအဝေး မှာ ရိုဟင်ဂျာလူမျိုးများဟာ တခြားတိုင်းရင်းသားများနဲ့ နည်းတူ သစ္စာ သမာဓိနဲ့ ပြည့်စုံတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ သူတို့ဟာ တကယ့် မြန်မာ နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ကိုစတေးခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ စွန်းစွန်းစားစား ပါဝင်လှုပ်ရှား လွတ်လပ်ရေး အရယူခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းပါ။ ဗမာ စစ်စစ်ဖြစ်ပါတယ်။ 

အာဏာရူး မဆလ ဦးနေ၀င်းအစိုးရဟာ အဲဒီလို တိုင်းရင်းသားအဖြစ် သတ်မှတ်လိုက်တဲ့ ရိုဟင်ဂျာ လူမျိုးများတွေကို တချို့သော အစွန်းရောက်ဝါဒီများရဲ့ မဟုတ်မမှန် တိုင်ကြားချက်အပေါ် မဆင်ခြင် လေ့လာမှုမရှိပဲ၊ ဦးနေ၀င်း အစိုးရဟာ စနစ်တကျ စီမံကိန်းချမှတ်ကာ 1978 ခုနှစ်၊ နဂါးမင်း စီမံချက်ဖြင့် ရိုဟင်ဂျာလူမျိုးများ ကိုတဖက်နိုင်ငံသို့ မောင်းထုတ် ခဲ့ပါတယ်။ ဒါပေမဲ့ မောင်းထုတ်ရင်လဲ တဖန် ဦးနေ၀င်း အစိုးရက ဟံင်္သာစီမံချက်ဖြင့်ရိုဟင်ဂျာတွေကို မိမိတို့ မြန်မာနိုင်ငံသား အဖြစ် ပြန်လည်ခေါ်ယူ လက်ခံနေရာ ချထားခဲ့တာဟာ တကမ္ဘာလုံးအသိပါ။ 

တဖန် မဆလ အမွှေစားအမွှေခံ စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက် အာဏာပိုင် အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်ချုပ်ချယ် ရက်စက် မှုကြောင့် တခြားနယ်စပ်တိုင်းရင်းသား လူမျိုးတွေလို တဖက်နိုင်ငံသို့ ခိုလှုံနေရာမှ စစ်အစိုးရက တဖက်နိုင်ငံမှ ရိုဟင်ဂျာလူမျိုး တချို့တ၀က် ကို မြန်မာနိုင်ငံသား အထောက် အထားခိုင်လှုံမှုဖြင့် ပြန်လည် ခေါ်ယူလာပြီး တချို့တ၀က် တဖက်နိုင်ငံမှာ နိုင်ငံမဲ့ဘ၀ရောက်နေပါတယ်။ ဒီလို ဒုက္ခရောက် နေကြတဲ့ ကျမတို့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာမှုမရှိကြပေမဲ့၊ မြန်မာ မိန်းကလေးတွေကို မျှော့စာကျွေးတဲ့ တရုတ်တွေအကြောင်းကြားရင် ကျမမျက် ရည် ကျမိပါတယ်။ ဒီလို ရက်စက်သူတွေဟာ မင်းမှုနေပါ တယ်။ ဒုက္ခရောက်တဲ့ လူတွေဟာ ဒုက္ခပင်လယ်ဝေနေကြပါတယ်။ ဒါကြောင့် လူလိုအဓိပ္ပါယ်ရှိကြတဲ့ လူသားဆန်တဲ့စိတ်မွှေးကြရင် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကိုခံစားနိုင်ရန် အားလုံးစုပေါင်းညီညာ သာယာဝပြောတဲ့ နိုင်ငံတော်ကို ထူထောင်နိုင်မယ်ဆိုရင် အားလုံးသူတွေ ပျော်ရွှင်နေနိုင်ကြရမှာပါ။ 

လူဖြစ်ပြီး လူဖြစ်ရှုံးနေတာ ကျမတို့မြန်မာနိုင်ငံသားတွေမဟုတ်လား၊ အဲဒီလို အယူသည်း အမှားတွေ ကို စွှန့် လွှတ်ပြီး၊ အမှန်ကို လက်ခံ ကြပါ။ လူအချင်းချင်း အမုန်းတရားကို မျက်ကွယ်ပြုပြီး ချစ်ခင်စွာပြည်သူတရပ်လုံး အတူလက်တွဲ ချီတက်ကြပါစို့။ 



ဒေါ်ခင်လှ

No comments:

Post a Comment