သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Friday, June 22, 2012

အောင်တင် “သမိုင်းမှန်ကို သင်ကြားပေးနိုင်မှ…”

အောင်တင် “သမိုင်းမှန်ကို သင်ကြားပေးနိုင်မှ…”


ဦးလှကြိုင်နှင့် မိတ်ဆွေများခင်ဗျား ရိုဟင်ဂျာတိုင်းရင်းသား ဖြစ် မဖြစ် ကျနော့သဘောက ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံး၏ သဘောထားနှင့် ထပ်တူဖြစ်ကြောင်း အရင်ပြော လိုပါတယ်။ … ဦးလှကြိုင်အခု ဝေမျှလိုက်တဲ့ သမိုင်းပညာရှင်ဆိုသူရေးတဲ့ စာတမ်းသည် ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ပြီး သိက္ခာမဲ့စွာ ရေးသားထားတဲ့ အလိမ်အညာတွေ အများကြီး ပါနေတယ်ဆိုတာကို ပထမစာတစ်မျက်နှာလောက်ကဘဲ ထောက်ပြပါရစေ။
  1. အင်းဝဘုရင်ကြောင့် လေးမြို့မင်းဆက်ပြုတ်ပြီး မင်းစောမွန်က ဘင်္ဂလားဘုရင်ဆီမှာ ၂၁နှစ်ခိုလှုံ ခဲ့ပါတယ်။
  2. ၂၁နှစ်လုံးလုံး မင်းစောမွန်ကို ဘင်္ဂလားမွတ်စလင်ဘုရင်က စောင့်ရှောက်ထားပါတယ်။
  3. ၂၁နှစ်ကြာပြီးနောက် ဘင်္ဂလားဘုရင်က မွတ်စလင် ဘင်္ဂါလီ စစ်သည်ငါးသောင်းနှင့် မင်းစောမွန်ကို နန်းပြန်တင်ပေးခဲ့ပါတယ်။
  4. နှစ်ကြိမ်တိုင် ပြန်တင်ပေးရတာတဲ့ အသေးစိတ်တွေကို မသွားလိုတော့ပါဘူး။
  5. သို့သော် ရခိုင်ဘုရင် မင်းစောမွန်ရဲ့ နောက်ဆုံးမင်းဆက် မြောက်ဦးမင်းဆက်ကို ဘင်္ဂါလီမွတ်စလင် တွေရဲ့ သွေးနှင့် တည်ဆောက်ပေးခဲ့တဲ့ သမိုင်းမှန်ကို သမိုင်းအလမ်ပယ်ဆရာတွေက ဘယ်လိုဘဲ ဖုံးကွယ်စေကာမူ ဖျောက်ဖျက်လို့မရပါဘူး။
  6. အဲဒီကစပြီး နောက်အနှစ်နှစ်ရာလောက် ရခိုင်မင်းဆက်တွေမှာ ဘင်္ဂါလီ မွတ်စလင်တွေက မိမိ မကြိုက်တဲ့ဘုရင်ကို ဖြုတ်ပြီး ကြိုက်တဲ့ ဘုရင်ကိုတင်မြှောက်နိုင်လောက်အောင် king makers တွေဖြစ်ခဲ့တာက သမိုင်းမှာ အထင်အရှားပါ။
  7. ရခိုင်ဘုရင့်နန်းတော်ရဲ့ နန်းတော်သုံးစာနှင့် စကားသည် ဘင်္ဂါလီဘာသာဖြစ်ခဲ့တဲ့အပြင် ဘင်္ဂါလီ နန်းရင်းဝန်၊ စစ်ဗိုလ်ချုပ်တွေ၊ မှူးမတ်တွေ၊ စာဆိုတွေ၊ စစ်သည်တွေနှင့် လွှမ်းခဲ့တယ်။
  8. ရခိုင့်စာပေသမိုင်းမှာ တံခွန်ဦးစွန်းလို့ သတ်မှတ်နိုင်တဲ့ ရခိုင်မင်းသမီးအေးချင်းကို စပ်ဆိုခဲ့သူဟာ အဗ္ဗဒူမင်းညို(အဒူမင်းညို)ဆိုတဲ့ မွတ်စလင် ဖြစ်ပါတယ်။
ဒီလောက်အရေးကြီးတဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မြောက်လွှဲကျော်လို ကျော်လွှားပြီး ရေးနိုင်တယ်ဆိုတာ တော်ရုံအရှက်ကင်းမဲ့သူများ မလုပ်နိုင်ပါဘူး။
  1. မျိုးချစ်စိတ်နှင့် ရေးရင် မျိုးချစ်သမိုင်းဖြစ်ပါတယ်။ သမိုင်း မဖြစ်ပါဘူး။
  2. မျက်ကန်းမျိုးချစ်စိတ်နှင့် ရေးရင် မျက်ကန်းမျိုးချစ်သမိုင်းသာ ဖြစ်ပါတယ်။ သမိုင်းတော့ ဖြစ်မလာ ပါဘူး။
  3. စိတ်ကူးယဉ်ပြီး နဂါးမက မွေးတာတို့၊ နေနတ်သားက ဆင်းသက်တာတို့၊ နှစ်ငါးထောင် နှစ်တစ် သောင်းစသဖြင့် ဆွဲဆန့်လို့ ကောင်းတိုင်း ဆွဲဆန့်ရင် ဒန္တာရီဖြစ်ပါတယ်။ သမိုင်း မဖြစ်ပါ။
  4. သမိုင်းဖြစ်စေချင်ရင် သာရင် သာတဲ့အတိုင်း၊ နာရင် နာတဲ့အတိုင်း၊ မှန်ရင် မှန်တဲ့အတိုင်း၊ မှားရင် မှားတဲ့အတိုင်း နောင်လာနောက်သားတွေ သင်္ခန်းစာမှန်မှန် ထုတ်ယူနိုင်အောင် အချက်အလက်မှန်တွေကို ရေးရဲတဲ့ သတ္တိရှိမှ သမိုင်းဖြစ်ပါတယ်။
  5. သူရဲဘောကြောင်သူတွေဟာ သမိုင်းဆရာ မဖြစ်နိုင်ပါဘူး။
  6. မအ အောင်လို့ သမိုင်းသင်ကြလို့ ဆရာကြီးဒေါက်တာသန်းထွန်းပြောခဲ့တာက သမိုင်းမှန်ကို ဆိုလို တာပါ။
  7. နားထောင်ချင်ဖွယ် ဒန္တာရီတွေနှင့် ရောသမမွှေတဲ့ သမိုင်းဆရာတုများဟာ နောင်လာနောက်သား တွေကို လူညံ့ လူရှော် လူအတွေဖြစ်အောင်လုပ်တဲ့ သမိုင်းတရားခံ လက်သစ်တွေ ဖြစ်လာအုံးမှာပါ။
အတိတ်ကို ဘယ်သူမှ ပြန်ပြင်လို့ မရပါဘူး။
ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတိတ်က ဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် သင်္ခန်းစာယူနိုင် အောင်က သမိုင်းမှန်ကို သင်ကြားပေးနိုင်မှ ကျနော်တို့ ဘိုးဘေးတွေ မှားခဲ့တဲ့ အမှားမျိုးကို သူတို့ ရှောင်ကွင်းနိုင်ကြမယ်။
ဒါမှ မဟုတ်ရင်တော့ ကျနော်တို့ ဘိုးဘေးတွေ မှားခဲ့သလို ထပ်မှားကြအုံးမှာပါ။  
အောင်တင် ဇွန်လ (၁၅) ၂၀၁၂
 Source: FB of U Aung Tin ”What is History”
 

No comments:

Post a Comment