သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Tuesday, January 29, 2013

အမိန့်အမှတ် ၂/၈၈ - စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပယ်ဖျက်

photo.
ပြည်သူတွေကို ချုပ်ချယ်ထားတဲ့ အမိန့်တွေကို ပယ်ဖျက်လာတဲ့အတွက်
ကြိုဆိုပါတယ် ဟု ဦးဝင်းတင်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံတော်
သမ္မတကြီးမှ အမိန့်အမှတ် ၂/၈၈ အား ပယ်ဖျတ်လိုက်
ကြောင်းပါရှိပြီး အဆိုပါ ပြည်သူများအား ချုပ်ချယ်ထား
သည့် အမိန့်များ ပယ်ဖျက်လိုက်ခြင်းအပေါ် ကြိုဆို
ကြောင်း ဟံသာဝတီ ဦးဝင်းတင်က မြန်မာ့ခေတ်သို့
ပြောကြားသည်။

အမိန့်အမှတ် ၂/၈၈ သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ
၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝိပိပြားမှု တည်ဆေက်ရေး
အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမိန့်သည် လက်ရှိ
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း
ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ခေတ်
ကာလနှင့် ကိုက်ညီခြင်း မရှိတော့သောကြောင့် သမ္မတမှ ပယ်
ဖျက်လိုက်ခြင်းဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိ
သူ ဦးရဲထွဋ်က ပြောကြားသည်။

"ပြည်သူတွေနဲ့အတူ ဒီမိုကရေစီခေတ်ကို ယှဉ်တွဲပြီးလုပ်ရ
မယ့် အချိန်မှာ ပြည်သူကို ဟန့်တား၊ ကန့်သန့်၊ ရန်လိုချင်တဲ့
ဥပဒေ တွေဟာ ပြည်သူတွေနဲ့အတူ ယှဉ်တွဲသွားမယ်
ဆိုတဲ့ သဓိဌာန် မခိုင်မာဘူးဗျ။  အခုလို ဖြတ်သိမ်းလာတဲ့
အတွက်တော့ ကြိုဆိုပါတယ်" ဟု ဦးဝင်းတင်က ပြောကြား
သည်။

၎င်းကပင်"ဒီလိုဥပဒေတွေဟာ စစ်အာဏာရှင်တွေ ထုတ်ခဲ့
တဲ့ ဥပဒေတွေပါ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့
နှစ်ပေါင်း ၂၅ နှစ်လောက်မှာ ပြည်သူကို ဒီလို ဥပဒေတွေနဲ့
ကန့်သက်ထားခဲ့တယ်။ အလားတူ ဒီလို ဥပဒေတွေကို
လည်း ရုပ်သိမ်းဖို့လိုတယ်လို့ ပြောချင်တယ်ဗျ" ထပ်မံပြော
ကြားသည်။

"သမ္မတကြီး ပယ်ဖျက်လိုက်တာက အမိန့်ပေါ့နော်။ အဲတုန်း
ကထုတ်ခဲ့တဲ့ အမိန့်ဖြစ်တဲ့အတွက် သမ္မတကြီး အမိန့်နဲ့
ပယ်ဖျက်လို့ ရပါတယ်။ တစ်ချို့ ဥပဒေကြတော့ ပြည်ထောင်
စုလွှတ်တော်က စဉ်းစားပြီးတော့ လုပ်ရမဲ့ ဟာတွေ ရှိတယ်
ဥပဒေနဲ့ အမိန့်နဲ့ ကွာတာလေးတွေ ရှိပါတယ်" ဟု ဦးရဲထွဋ်က
ဆိုသည်။

ဥပဒေပြင်ဆင်ရေးနှင့် ပက်သက်၍ သက်ဆိုင်ရာ ဝန်ကြီး
ဌာနနှင့် ပြည်ထောင်စု လွှတ်တော်မှ သုံးသပ်၍ ဆွေးနွေးပြီး
ပြင်ဆင်သင့်သည်များနှင့် ပယ်ဖျက်သင့်သည်များကို ပြုလုပ်
သွားမည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေပြုအာဏာက ပြည်ထောင်စု လွှတ်တော်မှာပဲရှိတဲ့
အတွက် ပြည်ထောင်စုလွှတ်တော်ထိ တင်သွင်းရမှာ ဖြစ်တဲ့
အတွက် ဒါက နည်းနည်းအချိန်ယူရမှာပေါ့" ဟု ဦးရဲထွဋ်က
ပြောကြားသည်။

အထက်ပါ အမိန့် ၂/၈၈ (ခ)တွင် ဆူပူလှုံ့ဆော်လိုသော
ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်လို
သော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ လူ(၅)ယောက်နှင့် လူ(၅)
ယောက်ထက်ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်
ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်
ကြွေးကြော်ခြင်း၊ လှုပ်ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်း
မည်သူမျှ မပြုရ ဟုပါရှိသည်။

၂/၈၈ (ဂ)တွင် မည်သည့်နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊
ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံ
တစ်ရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူစုလူဝေး
ပြုလုပ်ခြင်း၊ စုရုံးခြင်း မည်သူမျှ မပြုလုပ်ရ ဟုပါရှိကြောင်းသိရပြီး
အဆိုပါ အမိန့်အမှတ် ၂/၈၈ အား ထုတ်ပြန်လိုက်စဉ်က ထုတ်ပြန်
သည့်နေ့မှစ၍ ရဟန်း ရှင်လူ ပြည်သူတစ်ရပ်လုံး လိုက်နာရန် 
ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စူးရှ
ပြည်သူတွေကို ချုပ်ချယ်ထားတဲ့ အမိန့်တွေကို ပယ်ဖျက်လာတဲ့အတွက်ကြိုဆိုပါ တယ် ဟု ဦးဝင်းတင်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံတော်သမ္မတကြီးမှ အမိန့်အမှတ် ၂/၈၈ အား ပယ်ဖျတ်လိုက်
ကြောင်းပါရှိပြီး အဆိုပါ ပြည်သူများအား ချုပ်ချယ်ထားသည့် အမိန့်များ ပယ်ဖျက်လိုက်ခြင်းအပေါ် ကြိုဆို
ကြောင်း ဟံသာဝတီ ဦးဝင်းတင်က မြန်မာ့ခေတ်သို့ပြောကြားသည်။

အမိန့်အမှတ် ၂/၈၈ သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝိပိပြားမှု တည်ဆေက်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမိန့်သည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ခေတ်ကာလနှင့် ကိုက်ညီခြင်း မရှိတော့သောကြောင့် သမ္မတမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိ
သူ ဦးရဲထွဋ်က ပြောကြားသည်။

"ပြည်သူတွေနဲ့အတူ ဒီမိုကရေစီခေတ်ကို ယှဉ်တွဲပြီးလုပ်ရမယ့် အချိန်မှာ ပြည်သူကို ဟန့်တား၊ ကန့်သန့်၊ ရန်လိုချင်တဲ့ဥပဒေ တွေဟာ ပြည်သူတွေနဲ့အတူ ယှဉ်တွဲသွားမယ်ဆိုတဲ့ သဓိဌာန် မခိုင်မာဘူးဗျ။ အခုလို ဖြတ်သိမ်းလာတဲ့အတွက်တော့ ကြိုဆိုပါတယ်" ဟု ဦးဝင်းတင်က ပြောကြားသည်။

၎င်းကပင်"ဒီလိုဥပဒေတွေဟာ စစ်အာဏာရှင်တွေ ထုတ်ခဲ့တဲ့ ဥပဒေတွေပါ။ စစ်အာဏာရှင်တွေ အုပ်ချုပ် ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်လောက်မှာ ပြည်သူကို ဒီလို ဥပဒေတွေနဲ့ကန့်သက်ထားခဲ့တယ်။ အလားတူ ဒီလို ဥပဒေတွေကိုလည်း ရုပ်သိမ်းဖို့လိုတယ်လို့ ပြောချင်တယ်ဗျ" ထပ်မံပြောကြားသည်။

"သမ္မတကြီး ပယ်ဖျက်လိုက်တာက အမိန့်ပေါ့နော်။ အဲတုန်းကထုတ်ခဲ့တဲ့ အမိန့်ဖြစ်တဲ့အတွက် သမ္မတကြီး အမိန့်နဲ့ပယ်ဖျက်လို့ ရပါတယ်။ တစ်ချို့ ဥပဒေကြတော့ ပြည်ထောင်စုလွှတ်တော်က စဉ်းစားပြီးတော့ လုပ် ရမဲ့ ဟာတွေ ရှိတယ်ဥပဒေနဲ့ အမိန့်နဲ့ ကွာတာလေးတွေ ရှိပါတယ်" ဟု ဦးရဲထွဋ်ကဆိုသည်။

ဥပဒေပြင်ဆင်ရေးနှင့် ပက်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်မှ သုံးသပ် ၍ ဆွေးနွေးပြီးပြင်ဆင်သင့်သည်များနှင့် ပယ်ဖျက်သင့်သည်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေပြုအာဏာက ပြည်ထောင်စု လွှတ်တော်မှာပဲရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ထိ တင်သွင်း ရမှာ ဖြစ်တဲ့အတွက် ဒါက နည်းနည်းအချိန်ယူရမှာပေါ့" ဟု ဦးရဲထွဋ်ကပြောကြားသည်။

အထက်ပါ အမိန့် ၂/၈၈ (ခ)တွင် ဆူပူလှုံ့ဆော်လိုသောရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှု တစ်စုံတစ်ရာ ကျူး လွန်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ လူ(၅)ယောက်နှင့် လူ(၅)ယောက်ထက်ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုပ်ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းမည်သူမျှ မပြုရ ဟုပါရှိသည်။

၂/၈၈ (ဂ)တွင် မည်သည့်နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊ဆူပူလှုံ့ဆော်လိုသော ရည်ရွယ် ချက်ဖြင့်ဖြစ်စေ၊   ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူစုလူဝေးပြု  လုပ်ခြင်း၊ စုရုံးခြင်း မည်သူမျှ မပြုလုပ်ရ ဟုပါရှိကြောင်းသိရပြီးအဆိုပါ အမိန့်အမှတ် ၂/၈၈ အား ထုတ်ပြန်လိုက်စဉ်က ထုတ်ပြန်သည့်နေ့မှစ၍ ရဟန်း ရှင်လူ ပြည်သူတစ်ရပ်လုံး လိုက်နာရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စူးရှ

No comments:

Post a Comment