သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Saturday, January 19, 2013

ထိုင်းသို့ ရောက်သွားသော ရိုဟင်ဂျာ ၈၀၀ ခန့်ကို နှင်ထုတ်ခြင်းမပြုဘဲ ယာယီထိန်းသိမ်ပေးထားရန် ထိုင်းမူဆလင်အဖွဲ့  တိုက်တွန်း

ဘန်ကောက်၊ ဇန်န၀ါရီ ၁၉ ။ထိုင်းနိုင်ငံအတွင်းသို့  နိုင်ငံတောင်ပိုင်းမှနေ၍့ ရောက်လာခဲ့သော မူဆလင် ရိုဟင်ဂျာ ၈၀၀ ဦးခန့် ကို ပြန်လည်နှင်ထုတ်ခြင်း မပြုဘဲယာယီ ထိန်းသိမ်းစောင့်ရှောက်ပေး ထားရန် ထိုင်းရှိ မူဆလင်အဖွဲ့ များက အစိုးရအားတိုက်တွန်းလိုက်ကြောင်း သိရသည်။ ထိုင်း နယူးစ်အေဂျင်စီသတင်း၏ ဖေါ်ပြချက်အရ ထိုင်းဗဟို အစ္စလမ်မစ်ကော်မတီက အစိုးရသည် ရိုဟင်ဂျာများအားတတိယနိုင်ငံသို့ မပို့မီ စပ်ကြား မြန်မာသို့ ပြန်နှင်မထုတ်ဘဲထိုင်း၌ ခိုလှုံခွင့် ပေးထား သင့်ကြောင်း တိုက်တွန်းထားသည်။
ယင်းကော်မတီက နိုင်ငံတောင်ပိုင်း ဆုန် ခလာပြည်နယ်မှဗလီတစ်ခုတွင် တရားမဝင်ရွှေ့ ပြောင်း လာသော ရိုဟင်ဂျာများအတွက် ယာယီစခန်း ပြုလုပ်ကာ ထားရှိပေးနိုင်ကြောင်းပါ အဆိုပြုထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း ဆုန်ခလာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တောင်ပိုင်း နယ်စပ် ပြည် နယ်များ အုပ်ချုပ်ရေးအဖွဲ့ တွင်းမှ ရိုဟင်ဂျာကလေးများနှင့် အမျိုးသမီးများအား ထားရှိရာ ယာယီနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ ထိုင်းကျန်းမာရေး တာဝန်ရှိသူများသည်လည်း အထွေထွေ အတွင်းရေးမှူးတို့သည် ဆုန်ခလာပြည်နယ် အဆိုပါစခန်းသို့  သွားရောက်ကာ ဆေးစစ်ပေးမှု များ ပြုလုပ် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment