သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Monday, June 25, 2012

ရခိုင်ပြည်နယ်၊ ပြည်သူ့ ကောင်စီ၏အစီရင်စာအရ နိုင်ငံခြားသားဦးရေ(၁၀၃၇) ဦးရှိ


ရခိုင်ပြည်နယ်၊ ပြည်သူ့ ကောင်စီ၏အစီရင်စာအရ နိုင်ငံခြားသားဦးရေ(၁၀၃၇) ဦးရှိ


မြန်မာနိုင်ငံတွင်ငံ ၁၉၄၇ ခုနှစ်မှစ၍ နိုင်ငံခြားသားဝင်ရောက်လာမှုကို ထိန်းသိမ်း ကာကွယ် နိုင်ရေး အတွက်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းကိုစတင်ဆောင်ရွက်လာခဲ့သည်။အစဦး`၌နှစ်စဉ်(၅၀၀၀၀၀) ငါးသိန်း ခန့်သာ သုံစွဲခဲ့ သော်လည်း၁၉၆၉ ခုနှစ်နောက်ပိုင်းတွင် နှစ်စဉ် သိန်း( ၈၀) သုံးစွဲ လာခဲ့သည်။ ဝန်ထမ်းအင်အား ထောင်နှင့်ချီ၍  ခန့်အပ်တာဝန်ပေးအပ်ဆောင်ရွက်လျက် ရှိသည်။

ရခိုင်တိုင်းလုံခြုံရေး နှင့်အုပ်ချုပ်ရေးကော်မတီ မှ ၁၉၇၄ ခုနှစ်တွင်ထုတ်ဝေသော ရခိုင်တိုင်း လုံခြုံရေနှင့် အုပ်ချုပ်ရေကော်မတီ၏ သမိုင်းအကျဉ်း စာမျက်နှာ (၄၀)တွင်- နိုင်ငံခြားသားဝင် ရောက်နေ ထိုင်ခြင်း အတွက် ကာကွယ်မှုအဖွဲ့(မတဖ)အဖွဲ့ (၃)ဖွဲ့ ဖွဲ့စည်း ပြီး အခြေစိုက်စခန်း (၁၄) ခု၊ ဖွင့်လှစ်စစ်ဆေး လျှက် ရှိကြောင်း၊ ၁၉၇၂ ခုနှစ်တွင် ရခိုင်တိုင်း`၌ နိုင်ငံခြာသား (၁၁၉၂ ) ဦးရှိ၍ အခွန်ငွေ (၅၆၆၀၀)ကျပ် ရရှီသည်ဟုဖေပြသည်။
တဖန်  ၁၉၇၅ – ၇၆ ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ ဒုတိယ (၃)လ ပတ် အစီရင်ခံစာတွင်ရခိုင်ပြည်နယ်`၌ နိုင်ငံခြားသား ပေါင်း (၁၀၃၇) ဦရှိပြီး အသက်(၁၂) နှစ် မှ (၁၈) နှစ် အထိ ကလေး (၁၅၂) ဦး ၊ (၁၂ နှစ်အောက် ကလေး (၇၇) ဦးရှီသည် ဟုဖေါ် ပြသည်။

ထို့အပြင်  ၁၉၉၂ ခုနှစ် မှစ၍ နဝတ အစိုးရသည်နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေနှင့် ကွပ်ကဲ ရေးစီမံချက်အရ နယ်စပ်ဒေသတစ်လျှောက်တွင် နယ်မြေ (၁၈) ခု ၊ စခန်းပေါင်း (၂၀) ကျော်ဖွင့် လှစ်၍ ဝန်ထမ်း အင်အား (၄၅၀၀) ကျော် ဖြင့်နယ်စပ်လူဝင်၊လူထွက် ကို ကွပ်ကဲလျှက်ရှိနေသည်။ ခိုးဝင်လာသူ နိုင်ငံခြားသား တစ်ဦး တစ်ယောက်မျှမတွေ့ရကြောင်း လူဝင်မှု မှတ်တမ်းအရ သိရှိရသည်။
အထက်ပါအထောက်အထားများအရ ရခိုင်ပြည်နေထိုင်သော မွတ်ဆလင် များသည် ဘင်္ဂလား ဒေရှ်မှ ခိုးဝင်လာသူများ မဟုတ်ဘဲ ရှေး မြန်မာ ရခိုင်ဘုရင်လက်ထက်ကတည်းကပင် နေထိုင် လာခဲ့ သော မြန်မာ နိုင်ငံသား၊တိုင်းရင်းသားဖြစ်နေသည်မှာ သံသယမရှိ ပေါ်လွင်ထင်ရှား နေပါသည်။


အထက်ပါအထောက်အထား ရခိုင်ပြည်ရှိမွတ်ဆလင် များသည် နိုင်ငံခြားသားမဟုတ်ဘဲ တနေရာမှ တနေ ရာ သို့သွားလာခွင့်ပိတ်ပင်ခြင်း၊ နယ်ကျော်တယ်ဆိုပြီး ထောင်ချခြင်း၊ကန့်သတ် ချုပ်ချယ်မှုများပြု လုပ်ခြင်း၊ နိုင်ငံခြား သား များအသုံးပြုရသော ပုံစံ (၄) ဖြင့် သွားလာရခြင်းသည် စစ်အစိုးရ က လူ့ အခွင့်ရေးချိုး ဖေါက် ခဲ့ခြင်း ဖြစ်ထင်ရှားသည်။

No comments:

Post a Comment