သမိုင်းအထောက်အထားအမှန်ကိုသာတင်ပြထားပါသည်။

Saturday, January 19, 2013

Facebookမှာ အခမဲ့ စကားပြောနိုင်ပြီ

Social Networking ကမ္ဘာမှာ ထိပ်တန်းမှ ဦးဆောင်နေတဲ့ ဧရာမကြီး Facebookဟာ မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံမှ အင်တာနက် အသုံးပြုသူများရဲ့ ချစ်မြတ်နိုးမှုကို တစ်နေ့ထက် တစ်နေ့ ပိုမို ရရှိနေသလို၊ ကမ္ဘာတစ်ဝှမ်းလုံးမှ ဖေ့စ်ဘွတ် ပရိသတ်ကြီး အတွက်လည်း မရိုးနိုင်တဲ့ Features ပေါင်းများစွာကို တီထွင် မိတ်ဆက်ပေးလျက် ရှိပါတယ်။ ရှေ့အပတ် အင်္ဂါနေ့ကတင် Smart Search Engine လို့ ခေါ်တဲ့ Graph Search ကို မိတ်ဆက်ပေးပြီး ဖေ့စ်ဘွတ် အသုံးပြုသူများရဲ့ သူငယ်ချင်း အချင်းချင်း မျှဝေထားတဲ့ သတင်းအချက်အလက်များကို ပိုမို လွယ်ကူစွာ ရှာဖွေနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ နည်းပညာ ခေတ်ကြီးမှာ ဖေ့စ်ဘွတ်ကလည်း အရှိန်အဟုန်ပြင်းစွာဖြင့် ရက်ပိုင်းအတွင်းမှာတင် နာမည်ကျော် Skypeလိုမျိုး ကွန်ပျူတာ အသုံးပြုသူ အချင်းချင်း အခမဲ့ စကားပြောလို့ ရအောင် ဖန်တီးပေးခဲ့ပြန်ပါတယ်။
သို့ပေမယ့် Skype လိုမျိုး စမတ်ဖုန်းမှ ကွန်ပျူတာသို့ ခေါ်ဆိုလို့ မရသေးဘူးလို့ ဆိုပါတယ်။ လက်တလော မိတ်ဆက်ပေးလိုက်တဲ့ အခမဲ့ စကားပြောနိုင်တဲ့ Feature လေးဟာ Apple မှ ထုတ်လုပ်တဲ့ iPhone အတွက် ဖြစ်ပြီး Android ပလက်ဖောင်းနှင့် ကွန်ပျူတာစက်များမှာ အသုံးပြုလို့ ရသွားအောင်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
iPhone ပိုင်ရှင်များအနေနှင့် ဒီ feature လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger appလေးကို iTunes storeမှာ ဒေါင်းလုပ်ဒ် ရယူရမှာ ဖြစ်ပါတယ်။ ရှိပြီးသူများကတော့ သာမန်ရိုးကျ စာရိုက်ပြီး chatting လုပ်သလိုမျိုး စကားဝိုင်း တစ်ခုကို စလိုက်ပြီး ညာဘက်အပေါ်ထောင့်က “i” ဆိုတဲ့ icon လေးကို နှိပ်လိုက်ပြီးတာနဲ့ ပေါ်လာမည့် Free Callကို ရွေးလိုက် မယ်ဆိုရင်တော့ ဖေ့စ်ဘွတ်ပေါ်မှာ စကားပြောနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိအနေနဲ့ကတော့ iPhone အသုံးပြုသူများအတွက်သာ ဖြစ်ပြီး Facebook အသုံးပြုသူများကိုသာ ခေါ်ဆိုလို့ ရပါတယ်။ ထို့ကြောင့် ဆန္ဒစောပြီး Skypeကို မဖျက်သင့်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ Skype လိုမျိုး အိမ်ဖုန်း၊ ရုံးဖုန်းတွေကို ခေါ်တဲ့ features တွေ မပါလာသေးသည့်အပြင် လက်ရှိမှာ အမေရိကန်နိုင်ငံမှ ဖေ့စ်ဘွတ် သုံးစွဲသူများသာ အသုံးပြုနိုင်သေးတယ်လို့ ဆိုထားသည့် အတွက်ကြောင့်ပါပဲ။


https://itunes.apple.com/app/id454638411

No comments:

Post a Comment